PayZillion LogoPayZillion
Back to Articles
•Aung Thu Htet

Secured နဲ့ Unsecured Credit Card တွေရဲ့ ကွာခြားချက်

Credit card တွေကို အဓိကအားဖြင့် Secured Credit Card နဲ့ Unsecured Credit Card ဆိုပြီး နှစ်မျိုးခွဲပါတယ်။ Secured Card လျှောက်ထားတဲ့အခါ ဘဏ်စာရင်းအကောင့်တစ်ခုဖွင့်ပြီး ငွေပမာဏတစ်ခုကို အာမခံငွေ security deposit အနေနဲ့ ထားရပါတယ်။ အဲ့ဒီငွေကို သတ်မှတ်ကာတစ်ခုအထိ အသုံးမပြုဘဲ ထည့်ထားပေးရပါတယ်။ ဒီတော့ ဘဏ်အတွက် ငွေကြေးဆုံးရှုံးနိုင်မှု credit risk နည်းသွားတဲ့အတွက် ဘဏ်ကလည်း ကဒ်ကို အလွယ်တကူ ထုတ်ပေးပါလိမ့်မယ်။

Secured and Unsecured Credit Card

Unsecured Card ဆိုတာကတော့ ဘဏ်စုငွေထည့်ပေးထားဖို့ မလိုအပ်ဘဲ ကိုယ့်ရဲ့ ဝင်ငွေ income နဲ့ အကြွေးရယူထားမှု၊ သုံးစွဲထားမှုမှတ်တမ်း credit history တွေကိုကြည့်ပြီး ဘဏ်က ကဒ်ထုတ်ပေးတာ ဖြစ်ပါတယ်။ ကဒ်ရဖို့အတွက် ဘဏ်က သတ်မှတ်ထားတဲ့ ဝင်ငွေတစ်ခု ရှိရပါမယ်။ ဝင်ငွေလမ်းကြောင်းနဲ့ အထောက်အထား ပြနိုင်ရပါမယ်။ Credit history ကောင်းကောင်းလည်း ရှိရပါမယ်။ အဲ့ဒီအချက်အလက်တွေပေါ်မူတည်ပြီး ဘဏ်က ကဒ်ကို ထုတ်ပေးပါတယ်။