PayZillion LogoPayZillion
Back to Articles
•Aung Thu Htet

Day 22 - Card Payments အတွက် သိထားရမယ့် ISO 8583 Data Element များ

#40-days-of-payments#digital-payments#financial-services#fintech#payments#payments-made-simple

Card payment အတွက် မဖြစ်မနေ သိထားရမယ့် ISO 8583 data element fields တွေကတော့

[DE 2] Primary Account Number (PAN) - ကတ်နံပါတ် ဖြစ်ပါတယ်။ Visa ၊ Mastercard ၊ MPU အစရှိသဖြင့် ကတ် brand နဲ့ ကတ်ထုတ်ပေးထားတဲ့ issuer ကို ခွဲခြားသိနိုင်စေပါတယ်။

[DE 3] Processing Code - Purchase လား၊ refund လား၊ withdrawal လား အစရှိသဖြင့် transaction အမျိုးအစားကို ခွဲခြားပေးတဲ့ 6 digit ကုဒ်ဖြစ်ပါတယ်။

[DE 4] Transaction Amount - အသုံးပြုလိုက်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။ Issuer ၊ acquirer နဲ့ card scheme တွေကြားမှာ တူညီနေဖို့လိုအပ်ပြီး reconciliation အတွက် အရေးကြီးပါတယ်။

[DE 11] System Trace Audit Number (STAN) - ATM ၊ POS အစရှိတဲ့ terminal တွေကနေ သတ်မှတ်ပေးတဲ့ trace number ဖြစ်ပြီး 6 digit နံပါတ်တွဲ ဖြစ်ပါတယ်။

[DE 18] Merchant Category Code (MCC) - Retail လား၊ travel လား အစရှိသဖြင့် merchant ရဲ့ business အမျိုးအစားကို ခွဲခြားဖို့သုံးတဲ့ 4 digit ကုဒ်ဖြစ်ပါတယ်။

[DE 37] Retrieval Reference Number (RRN) - Acquirer ကနေ ထုတ်ပေးတဲ့ transaction အတွက် unique reference ဖြစ်ပြီး 12 characters ပါဝင်တဲ့ ကုဒ်ဖြစ်ပါတယ်။

[DE 39] Response Code - Transaction တစ်ခု approved ဖြစ်တယ်၊ ဘာကြောင့် rejected ဖြစ်တယ်ဆိုတဲ့ result ကို ဖော်ပြပေးတဲ့ 2 digit ကုဒ်ဖြစ်ပါတယ်။

[DE 41] Card Acceptor Terminal ID (TID) - အသုံးပြုတဲ့ ATM ၊ POS အစရှိတဲ့ terminal ရဲ့ ID ကို ဖော်ပြပါတယ်။

[DE 42] Card Acceptor Identification Code (MID) - အသုံးပြုတဲ့ merchant ရဲ့ ID ကို ဖော်ပြပါတယ်။

[DE 49] Transaction Currency Code - Transaction ပြုလုပ်တဲ့ currency ကို ဖော်ပြပါတယ်။

“Payments Made Simple” 40 day series - day 22 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။